အပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊ ၁၉.၁၀.၂၀၁၇

          ၂၀၁၈ခုနှစ် ၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မကွေးမြို့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးမှ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲသူများအား အားပေးစကားပြောကြားကာ ယင်းနေ့ နံနက်(၇းဝ၀)နာရီမှ စတင်၍ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ စတင် ထွက်ခွါပြီး ပြည်တော်သာလမ်းတစ်လျှောက် လမ်းလျှောက်၍ ဗိုလ်ချုပ်ပန်းခြံတွင်ပန်းဝင်ခဲ့ပါသည်။       

လမ်းလျှောက်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ ၊ီဏွှဥမသန်စွမ်း အဖွဲ့ဝင်များနှင့်အတူ မသန်စွမ်းသူ (၈၀)ဦး၊ ပံ့ပိုးကူညီသူ(၇၀)ဦး စုစုပေါင်း(၁၅၀)ဦး တို့သည် မသန်စွမ်း အမျိုးအစား(၄)မျိုးဖြစ်သည့် အမြင်အာရုံချို့တဲ့သူ ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၊ ဥာဏ်ရည်မသန်စွမ်းသူတွေကို ခွဲခြားပြစ်ပယ်ဆက်ဆံခြင်းကင်းဝေးစေဘို့ ၊ လူ့အသိုင်းအဝိုင်းမှာ အများနည်းတူပါဝင်နိုင်စေဘို့ ၊ မသန်စွမ်းသူတွေမှာလည်း ပညာ သင်ယူနိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းများရပိုင်ခွင့်နှင့် အမှီအခိုကင်းစွာရပ်တည်နိုင်ခွင့်စသည့် အခွင့်အရေးများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးသောနည်းဖြင့် အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားအား ကျင်းပခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter