ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervy လာရောက်တွေ့ဆုံ

နေပြည်တော်  ၊ ၅.၁၁.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervyက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။  

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဆိုင်ရာဝန်ဆောင်မှု ကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပြင်သစ်နိုင်ငံမှ ကူညီပံ့ပိုးဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား နိုဝင်ဘာလမှစတင်၍ ပထမအသုတ်အနေဖြင့် စတင် လက်ခံဆောင်ရွက်မည့် အခြေအနေနှင့် ပြင်ဆင်ထားရှိမှုများ၊ အဆိုပါနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့ အတွက် ၀န်ကြီးဌာနနှင့် UEHRD ကော်မတီတို့မှ ဆောင်ရွက်ထားရှိမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများအပါအ၀င် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများအား ပိတ်သိမ်းနိုင်ရေး အတွက် အမျိုးသားအဆင့်မဟာဗျူဟာချမှတ်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင်း လူမှု သဟဇာတမျှတဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသည့် သဘောတူညီချက်(၅၁)ချက်တွင် မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အထူးသဖြင့် ပိပက္ခများတွင် ကလေးသူငယ်များအကာအကွယ်ပေးနိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter