ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးလာရောက်တွေ့ဆုံ

နိုဝင်ဘာ ၂၆၊ နေပြည်တော်

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံမတ်ကြီး H.E, Mr. Ichiro Maruyama က ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံဘက်မှ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဂျပန်နိုင်ငံအစိုးရမှ ဆက်လက်ပါဝင် ကူညီဆောင်ရွက်နိုင်မည့်ကိစ္စနှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter