ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး HE .Mr.Daniel Patrick Chugg မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၆.၁၁.၂၀၁၈

        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာဗြိတိန် သံအမတ်ကြီး HE.Mr. Daniel Patrick Chugg မှ ၀န်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

        တွေ့ဆုံရာတွင် ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ပိုမိုပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်မှုများတွင် ဗြိတိန်နိုင်ငံက ပါဝင်ကူညီနိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter