ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်

ရန်ကုန်၊ ၁.၁၂.၂၀၁၈
     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အတူ ကျောက်ဖြူမြို့ နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက်(၂)နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်း နှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်း ထောက်ပံ့ ခြင်းများဆောင်ရွက်ခဲ့ပါသည်။
    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ယပ်လှဲကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သံဃ မဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်နှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပေါ်တော်မှု ကံ့ကော်တော် ဘုရားသို့ သွားရောက်ဖူးမျှော်ကြည့်ညို၍ ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
    ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနကဆောင်ရွက်သော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း (MCCT Program) အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်တက်ရောက်အမှာစကား ပြောကြားရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုအစီအစဉ်ကို ငွေကြေးထောက်ပံ့ပေးရုံသက်သက် မဟုတ်ဘဲ ပညာပေး အစီအစဉ်အနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးပညာပေးခြင်း၊ အာဟာရပြည့်ဝ အောင် စားသောက်တက်စေရန်ပညာပေးခြင်းနှင့် မိသာစုစီမံကိန်းအစီအစဉ်များ ပညာပေးခြင်း တို့ပါဝင်ပါကြောင်းနှင့် ၎င်းအစီအစဉ်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဘဏ္ဍာနှစ် အလိုက် ဆက်လက်တိုးချဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီး လှိုင်သာယာစက်မှုမြို့၊ နေ့ကလေးထိန်းကျောင်းတွင်ကျင်းပသော မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြာရာ လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုး စေရန်နှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားစေရန်အတွက် နေ့ကလေးထိန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နည်းလမ်းများဖြင့် စနစ်တကျ ပြုစုလေ့ကျင့် ပေးနေပါကြောင်း၊ အစိုးရအနေဖြင့် ရှေးဦးအရွယ်ကလေးငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်သင်ကြေးပေးနေပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မူလတန်းကြိုကျောင်း မဖွင့်လှစ်နိုင်သေးသော ဒေသများတွင် ယခုလို မိခင်ဝိုင်းများဖွင့်လှစ်၍ စနစ်တကျပြုစုပျိုးထောင် ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ မိခင်းဝိုင်းများ တွင်လည်း ရပ်ကွက်/ကျေးရွာ အတွင်းရှိမိခင်၊ မိသားစုဝင်များကိုယ်တိုင်နှင့် ပြည်သူလူထူက ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံများ၊ ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများပူးပေါင်း၍ မိခင်ဝိုင်းများတိုးချဲ့နိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မိခင်ဝိုင်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဝန်ကြီးဌာနကထောက်ပံ့ပေးမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပါ သည်။
    ထို့နောက် လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်း(၅)ဝိုင်းဖွင့်လှစ်ပေးနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့်ငါးသိန်းရှစ်သောင်းနှစ်ထောင့်တစ်ရာ) တိတိကို ပေးအပ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများနှင့် မိခင်ဝိုင်းခေါင်းဆောင်များသည် လုပ်ငန်းအကောင်အထည်ဖေါ်ရေး ညှိနှိုင်းခဲ့ကြပြီး ကလေးငယ် များအတွက် အာဟာရမုန့်များနှင့် ကစားစရာအရုပ်များ ပေးဝေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter