အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး‌ဟော‌‌ပြော

နေပြည်တော်၊ ၄.၁၂.၂၀၁၈
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဗဟို မှ ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့မဈေး ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီး ကာကွယ်စောင့်‌ရှောက်ရေး၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မလိုလား အပ်သော ကိုယ်ဝန်ဆောင်ရခြင်းတို့မှ ကာကွယ်နိုင်ရေး၊ အကြမ်းဖက်ခံရသော အမျိုးသမီး များအား ကျန်းမာရေးစောင့်‌ရှောက်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊  သက်ငယ်မုဒိမ်းမှုများ ကာကွယ်နိုင်ရေးနှင့်‌ လူကုန်ကူးခံရမှုများအား ဝိုင်းဝန်းကာကွယ်တားဆီးနိုင်ရေးတို့အတွက် ပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားသို့ နေပြည်တော်မှ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေး စောင့်‌ရှောက်ရေး အသင်းများနှင့်‌ အမျိုးသမီးအဖွဲ့များ ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ ပြည်သူများ(၂၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter