နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၈.၃.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး HE. Mr. Dag- Inge Ulstein ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး  ဌာနမှ ဦးစီးဌာန(၃)ခုဖြင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေုးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များနှင့် နော်ဝေနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကော်မတီ အသီးသီးဖြင့် ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွါသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်း များအပါအ၀င် မိတ်ဆွေနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လက်ရှိ IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေမှုများနှင့်အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များနှင့်နော်ဝေနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြ ကြောင်း သိရှိရပါသည်။

FacebookTwitter