အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်

၁၂--၂၀၁၉ နေပြည်တော်

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို နေပြည်တော်    MICC-2 တွင် ဆက်လက်၍ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်မြတ်အေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ လူငယ်ထုတစ်ရပ်လုံး၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင်  ကောင်းမွန်သောလမ်းပြဖြစ်နိုင်မည့် လူငယ်ရေးရာ မူဝါဒကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူငယ်ရေးရာမူဝါဒသည် လူငယ် များ၏ ဆန်းသစ်သောအတွေးအခေါ်ဆင်ခြင်တုံတရားများနှင့် လူကြီးများ၏ အတွေး အခေါ်နှင့် အတွေ့အကြုံများပေါင်းစပ်၍ အခက်အခဲများကို မည့်သို့ကျော်လွှားရမည်ဆို သည်ကို ဖော်ဆောင်နိုင်ရန်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများလည်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ အဆိုပါ မဟာ ဗျူဟာများကိုလည်း လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့ကြကြောင်း၊ ပြည်နယ်နှင့်တိုင်း တစ်ခုနှင့်တစ်ခုသည် အခြေခံအချက်အလက်လိုအပ်ချက်များ မတူညီသည့်အတွက် နေပြည်တော်အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူငယ် ကိုယ်စားလှယ်များက ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသည့်  ဦးစားပေးလုပ်ငန်းစဉ်များကို ဖော်ထုတ်၍ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များ၏အခွင့်အရေးကို ဖော်ဆောင်သည်နှင့် အတူတာဝန်ယူရမည့်အချက်များလည်းရှိကြောင်း၊ နိုင်ငံတော်နှင့် အတူ လူငယ်များကိုယ်တိုင်တာဝန်ယူ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်အနက်မှ ကဏ္ဍတစ်ခုခြင်းစီအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်များအတူတကွတွေ့ဆုံ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ တွေ့ဆုံခြင်းအားဖြင့် တည်ရှိနေသောအခြေအနေများ၊ လိုအပ်ချက်များ၊ မတူညီသည့် အခြေအနေများအားသိရှိလာပြီး အားလုံးပူးပေါင်းဆောင်ရွက်လျှင် အခက်အခဲများ ပြေလည်ပြီး လုပ်ငန်းအောင်မြင်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် များဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်သည်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်မှု၊ သင်ကြားမှု၊ သင်ယူမှုများနှင့် ဆက်စပ်နေကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ဘဝမှာ အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်လျှင် အသက်(၈)နှစ်ကျော်အရွယ်တွင် သင်ကြားသင်ယူမှုများ များစွာတိုးတက်ဖွံ့ဖြိုးနိုင်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ကဏ္ဍသည် နောက်ပိုင်းပညာရေးအတွက် အရေးကြီးသောကဏ္ဍ ဖြစ်သည့်အတွက် လူငယ်များမှ နောင်မျိုးဆက်သစ်များကို အမွေကောင်းများပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသည်လည်းပေါ်ထွက်နေပြီဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းနှစ်ခုပေါင်း၍ မိဘများနှင့် မိသားစုဝင်များက ပါဝင်ပြုစု စောင့်ရှောက်မှုသည် နှောင်ကျောင်းများတွင် သင်ကြားသင်ယူမှုထိရောက်ရေးအတွက် အခြေခံဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များအနေဖြင့် အတွေ့အကြုံများသည့် လူကြီး များထံမှ  လက်ဆင့်ကမ်းအမွေရယူပြီး နောက်မျိုးဆက်သစ်အနာဂတ်လူငယ်များကို ပေးရမည်ဖြစ်ကြောင်း၊  လူငယ်များသည် ကြီးပြင်းရသောပတ်ဝန်းကျင်အခြေအနေများ ကွာခြားသော်လည်း အခွင့်အရေးခံစားရမှုမှာ အတူတူပင်ဖြစ်သင့်ကြောင်း၊ အားလုံးသာ တူညီမျှရရှိခံစားရေးသည် လက်ရှိအစိုးရ၏ မူဝါဒဖြစ်ကြောင်း၊ သာတူညီမျှရရှိခံစားရစေရန် တွင် လိုအပ်သည့်နေရာများကိုဦးစွာ ဖြည့်ဆည်းပေးခြင်းဖြစ်သောကြောင့် ဒေသအလိုက် လိုအပ်ချက်များကိုဖော်ထုတ်ပြီး ဖြည့်ဆည်းပေးဖို့လိုအပ်ကြောင်း၊ ယခုနှစ် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့၏ ဆောင်ပုဒ်သည်လည်း လူငယ်ထုကြီးပါဝင်ကာ ပညာရေး စနစ်ပြောင်းလဲပါဟု ဆိုသည့်အတိုင်းပညာရေးပြောင်းလဲမှုစနစ်တွင် လူငယ်များ ကိုယ်တိုင်ပါဝင်ပြီး အစိုးရကအပြောင်းအလဲကို ဖော်ဆောင်နေပြီးဖြစ်သည့်အတွက် လူငယ်များမှလည်းပါဝင်၍ တာဝန်ယူပြောင်းလဲပေး ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ UNFPA မှဌာနေကိုယ်စားလှယ်Mr.Ramanathan Balakrishnan  က လူငယ်ရေးရာမူဝါဒစာအုပ် ဖြစ်ပေါ်လာရေးအတွက် မိမိတို့အစိုးရမဟုတ်သောအဖွဲ့အစည်း အနေဖြင့် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကို ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာမူဝါဒရေးဆွဲရေးဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်လူငယ်ကိုယ်စားလှယ်များအ တွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူငယ်ရေးရာမူဝါဒရေးဆွဲရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ဒုတိယ ဥက္ကဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက၊ လူငယ်ရေးရာမူဝါဒရေးဆွဲရေး ဆိုင်ရာမူကြမ်းရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။                                              ထို့နောက် လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (မူကြမ်း) အား မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ကိုသူရစိုး(ခ) ဟိန်းထက်မှ လူငယ်ရေးရာမူဝါဒပါ ကဏ္ဍကြီး(၁၆)ချက်အား မဟာဗျူဟာစီမံချက်တွင် ထည့်သွင်း ဆောင်ရွက်ထားမှုအပေါ် ရှင်းလင်းတင်ပြ ခဲ့ပါသည်။                               နေ့လည်ပိုင်းအစီအစဉ်တွင် ဖိတ်ကြားထားသော လူငယ်ကိုယ်စားလှယ်တစ်ဦးက Talent Performance Show ကိုလည်းကောင်း၊  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာ အကအလှ များဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေ များပေးအပ်ခဲ့ပါသည်။                                                    ထို့နောက်  လူငယ်ကိုယ်စားလှယ်များမှ ဦးဆောင်ပြီး “ယနေ့လူငယ်များနှင့် မြန်မာ နိုင်ငံ၏အနာဂတ်” ခေါင်းစဉ်ဖြင့် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်း အမှတ်လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသော လူငယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter