အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲ ကျင်းပ

နိုဝင်ဘာ(၂၄)၊ နေပြည်တော်
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တို့ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၆)နာရီမှ စတင်ကာ နေပြည်တော် ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ် ဂိတ်အမှတ်(၃)အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေပန်းဥယျာဉ်ရှေ့တွင် ကျန်းမာရေးသရုပ်ပြကကွက်များဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပါသည်။
    အဆိုပါလမ်းလျှောက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီး များအရေးကို တက်ကြွစွာဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ပြည်သူလူထု စုစုပေါင်းလူဦးရေ (၆၀ဝ)ခန့်ပါဝင်ပြီး အားကစားလှုပ်ရှားမှုများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း  သတင်းရရှိပါသည်။

 

FacebookTwitter