ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံမှ International Women’s Peace Group (IWPG)အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂.၁.၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ International Women’s Peace Group (IWPG) အဖွဲ့မှ Operation Manager ဖြစ်သူ Ms. Na Hyung Jun ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
    တွေ့ဆုံရာတွင် (IWPG)အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းများနှင့် အမျိုးသမီးများဖွံးဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ၂၀၁၃ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀၀)ကျော်တွင် ရုံးခွဲများဖွင့်လှစ်၍ ဆောင်ရွက်နေမှုများ၊ (IWPG)အနေဖြင့် မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့်ပူးပေါင်းေ ဆာင်ရွက်နိုင်ရေး အလားအလာများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (NSPAW, 2013-2022)အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအစီအစဉ်အောက်မှ ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် ပိုမိုပါဝင်နိုင်ရန် အတွက် Peace Education အား တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ၂၀၂၀ခုနှစ် မတ်လ အတွင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် Commission on Status of Women နိုင်ငံတကာညီလာခံတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ Side Event တစ်ခု ပူးတွဲပြုလုပ်နိုင်ရန် ဖြစ်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter