လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ၁၃.၂.၂၀၂၀

          ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့ စိတ်ဓါတ် ပိုမိုရရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ စည်ကား သိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းမိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

          အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့က တက်ရောက်အားပေးစကားပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter