မန္တလေးမြို့ရှိ နားမကြားသော ကလေးများကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ကလေးများ၊ မိဘများနှင့် ဝန်ထမ်းများအား Corona virus disease(COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ၁၁.၃.၂၀၂၀
(၁၁.၃.၂၀၂၀)ရက်နေ့တွင် မန္တလေးမြို့ရှိ နားမကြားသော ကလေးများကျောင်း၊ မူလတန်း ကြိုကျောင်းများရှိ ကလေးများ၊ မိဘများနှင့်  ဝန်ထမ်းများအား  Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါဆိုင်ရာ အခြေအနေအား ရှင်းလင်းခြင်း၊ ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မိမိကိုယ်ကို ကာကွယ်ရမည့် နည်းလမ်းများအား ရှင်းလင်းခြင်းနှင့်  သရုပ်ပြသခြင်းနှင့် တက်ရောက်လာသော ကလေးများနှင့်  မိဘများအား ဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့အား ဒေါက်တာဥမ္မာအောင်၊ ဒုတိယညွှန်ကြားရေးမှူး နှင့် ဒေါက်တာပြည့်ဖြိုးအောင်၊ ဦးစီးအရာရှိတို့မှ ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter