လူမှုဝန်ထမ်းဦးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၄.၆.၂၀၂၁

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၆.၂၀၂၁ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဖွဲ့စည်းပုံတွင် ဝန်ထမ်းအင်အား (၉၀၀၀)ကျော်ရှိသော်လည်း ခန့်အပ်ခွင့်ရသော ဝန်ထမ်းအင်အား(၃၀၀၀)ကျော်ဖြင့်သာ လုပ်ငန်းများကို အောင်မြင်စွာ  ဆောင်ရွက်နေခြင်းကြောင့် မိမိဝန်ထမ်းများကို ချီးကျူးပါကြောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြို့နယ်ရုံးများနှင့် မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာ ရရှိရေး ကြိုးပမ်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ဝန်ထမ်းများကိုလည်း ရာထူးအဆင့်အလိုက် ရာထူးတိုးဆောင်ရွက်ပေးခဲ့ပြီး၊ ရာထူးအဆင့်နှင့် ကိုက်ညီသော လုပ်ငန်းရပ်များ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုလိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဌာနငယ်၊ သင်တန်းကျောင်းများအား ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် စီမံ/ဘဏ္ဍာနှင့် လုပ်ငန်းတို့မှလည်း သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ဉီးစီးမှူးများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး တင်ပြရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက်ညှိ နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် လူမှုဝန်ထမ်းရုံးများနှင့် ဌာနငယ်များမှ တာဝန်ရှိသူ စုစုပေါင်း(၄၈)ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။ 
 

FacebookTwitter