ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ဆောက်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်

၇.၁၀.၂၀၂၁

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ဆောက်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် မည့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် က Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများနှင့်စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လမ်းပေါ်နေကလေးများကို မဖြစ်မနေ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနည်းလမ်းများဖြင့် စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူလူထုမှ ဝိုင်းဝန်းပါဝင်လာနိုင်သည့် နည်းလမ်းများရှာဖွေဖော်ထုတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခု လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်သည် ဆက်စပ်ဌာနအဖွဲ့အစည်းများပါဝင်၍ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျဆန်းစစ်လေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံချက်အပေါ် ဝိုင်းဝန်းဆွေးနွေးပးစေ လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လမ်းပေါ်နေကလေးများနှင့်စပ်လျဉ်း၍ လျော့နည်းရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအပိုင်းကို ဆန်းစစ်လေ့လာ၍ လိုအပ်သည့်ပံ့ပိုးမှုများဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိသားစုများအတွက် မိသားစုစီမံကိန်းအား ကြိုတင်ပြင်ဆင်မှုများမရှိဘဲ အရွယ်မတိုင်မီစောစီးစွာ အိမ်ထောင်ပြုခြင်း၊ စားဝတ်နေရေးအခက်အခဲများ၊ လူမှုစီးပွားရေး အခက်အခဲများသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအတွက် စိန်ခေါ်မှုများဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၍ ပညာပြည့်ဝသော ကလေးများပေါ်ထွက်လာ စေရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရပ်ရွာအခြေပြုအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် မိသားစုများကို ထောက်ပံ့ပေးခြင်းဖြစ်၍ အသိပညာပေးလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် မကြာမီကျင်းပမည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် အစီအစဉ်တစ်ခု ထည့် သွင်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းများတွင် မိသားစုများ အတွက် မှီခိုသည့် အနေဖြင့်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေးဖြစ်သည့် အသိပညာပေးလုပ်ငန်းများသည် အဓိကအရေးကြီးပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက စီမံချက် နှင့်စပ်လျဉ်း၍ စီမံချက်နယ်မြေ၊ စီမံချက်ကာလများ သတ်မှတ်ထားရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အားဖြင့် လမ်းပေါ်နေကလေးများနှင့် စပ်လျဉ်း၍ လက်ရှိ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များကို မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများနှင့် လမ်းပေါ်နေကလေးများလျော့နည်းရေးအတွက် စနစ်တကျ ကူညီ၊ ပံ့ပိုး၊ ချိတ် ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လမ်းပေါ်နေကလေးများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစိုးရဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းတာဝန်များသတ်မှတ်၍ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦးစီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် နေပြည်တော်ကောင်စီ၊ ပျဉ်းမနား မြို့နယ်တို့ကိုလျာထားပါကြောင်း၊ ကနဦးစီမံချက်တွင် ပထမ (၆)လတာကာလအတွင်း ညှိနှိုင်းဆောင်ရွက်မှုများ၊ ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကာလကို သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် သတ်မှတ်ထား ပါကြောင်း၊ လမ်းပေါ်နေကလေးများအတွက် ဖြစ်ရပ် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကနဦးစီမံချက်များဆောင်ရွက်မှုအပေါ်အခြေခံ၍ နှစ်အလိုက်မြို့နယ်များ တိုးချဲ့ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter