မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

  မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှကြီးမှူး၍ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅.၁၁.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် မော်လ‌မြိုင်မြို့၊ လူမှုဝန်ထမ်ဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ် လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ စုစုပေါင်းအင်အား ( ၇၀ ) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်မှုများကို ပြည်နယ်/ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ( ၁၅:၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter