(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်း

    ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို (၂၀.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် အမှတ်(၄၉)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ဦးအောင်ဝင်းသိန်းနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာဥက္ကဌနှင့်အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်မှူးများ၊ ဌာနငယ်/သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ အကြိုအားကစားလှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသူများ စုစုပေါင်း (၂၆၃)ဦးတက်ရောက်ခဲ့ကြပါသည်။
   အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များနှင့်  ဌာနငယ်/သင်တန်းကျောင်းအသီးသီးမှ ကလေးများက ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
   ထို့နောက် အကြိုလှုပ်ရှားမှုအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့်ကလေးများအား  ရန်ကုန်တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆုများချီးမြှင့်ခြင်းနှင့် ဖျော်ဖြေရေးတွင်ပါဝင်ခဲ့ကြသည့် ကလေးများအား တာဝန်ရှိသူအဆင့်ဆင့်မှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး နေ့လည်(၁၂:၀၀)နာရီတွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

FacebookTwitter