(၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား

    (၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မော်လမြိုင်မြို့၊  အမှတ်(၁) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက “လှကမ္ဘာမြေ”သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ တင်ဆက်ရာ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
     ထို့နောက် မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့များရှိ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ် ထားသော မူလတန်းကြိုကျောင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသော ဘက်စုံမူလတန်း ကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်များမှ တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခြင်း၊ မော်လမြိုင်ကလေးပြုစုရေးဌာန၊ မော်လမြိုင်လူငယ်သင်တန်း
ကျောင်းမှ  ကျောင်းသားလေးများက သဘာဝရဲ့ရင်သွေးငယ် တေးသီချင်းဖြင့် အသီးသီးဖျော်‌ဖြေ တင်ဆက်ခဲ့ရာ အခမ်းအနားအနားသို့ တက်ရောက်လာကြသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်၍  အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။
    အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ ရင်သွေးငယ်လေးများ၊ ရင်သွေးငယ်များ၏ မိဘများ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter