မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်းများ ကျောင်းဆင်းပဒေသာကပွဲများကျင်းပ

   မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်းများ၏ ကျောင်းဆင်းပဒေသာကပွဲများကို ယခုလအတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ (၁၃.၃.၂၀၂၃) ရက်နေ့တွင် အမှတ် (၁) မူလတန်းကြိုကျောင်း၌လည်းကောင်း၊ (၁၇.၃.၂၀၂၃) ရက်နေ့တွင် အမှတ် (၂) မူလတန်းကြိုကျောင်း၌ လည်းကောင်း၊ (၂၀.၃.၂၀၂၃) ရက်နေ့တွင် အမှတ် (၃) မူလတန်းကြိုကျောင်း၌လည်းကောင်း၊ (၂၂.၃.၂၀၂၃) ရက်နေ့တွင် ချောင်းဆုံမူလတန်းကြိုကျောင်း၌လည်းကောင်း၊ (၂၄.၃.၂၀၂၃) ရက်နေ့တွင် သံဖြူဇရပ် မူလတန်းကြိုကျောင်း၌လည်းကောင်း အသီးသီးကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter