၂၀၂၃ ခုနှစ်၊ မြန်မာမျိုးသမီးများနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲကျင်းပခြင်း

    ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နေ့လယ် (၁၃:၀၀) နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ စာရေးဆရာများဖြစ်သည့် မြင်းမူမောင်နိုင်မိုးမှ “အမေသာတစ်ခါပြုံးလျှင်ဖြင့် တစ်ကမ္ဘာလုံးလှနိုင်သည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ မစန္ဒာမှ “မိန်းမတို့ အကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ဒေါ်ဖြူဖြူဥ (လေဒီဒိုင်းမွန်း) မှ “ဥပဒေနှင့်အညီ အမျိုးသမီးများကိုကာကွယ်မည်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပြီး အမှတ်(၄) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများမှ “ကောက်စိုက်ချိန်” သီချင်းဖြင့်လည်းကောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသူလေးများက “မလေးလက်ခတ်သံ” သီချင်းဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသူလေးများမှ “တိုင်းရင်းပျိုမဒီ လှဒေဝီ Show” ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး စာရေးဆရာ (၃) ဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများမှ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဟောပြောပွဲ အခမ်းအနားကို ညနေ (၁၆:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

FacebookTwitter