မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်း

(၂၂-၂-၂၀၂၄) ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် အဖွဲ့ဝင်(၅)ဦးမှ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ် သင်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မန္တလေးလူငယ်သင်တန်းကျောင်းမှ ဝန်ထမ်း(၁၅)ဦး၊ ကျောင်းသား (၃၇၀)ဦး စုစုပေါင်း (၃၈၅)ဦးတို့ တက်ရောက်ခဲ့ပါသည်။

FacebookTwitter