မန္တလေးတိုင်းဒေသကြီး ၊အမှတ် (၁) မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲကျင်းပခြင်း

     ၂၆.၃.၂၀၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် အမှတ် (၁) မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သမီးငယ်လေး အိမ့်သီရိနှင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် သားငယ်၊ သမီးငယ်များမှ အကပဒေသာ အစီအစဉ် ၁၄ ခုဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ အခမ်းအနားသို့ သားငယ်၊သမီးငယ်များ ၃၃၅ ဦးနှင့် ဧည့်ပရိသတ် ၁၅၀ ကျော် တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။

FacebookTwitter