စိတ်လူမှုဆိုင်ရာဆွေးနွေးပံ့ပိုးခြင်း(စစ်ကိုင်းတိုင်းဒေသကြီး)
မန္တလေးငလျင်၏ သက်ရောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ခံစားရသော ဒေသများရှိ ပြည်သူလူထုအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှု ဆိုင်ရာပံ့ပိုးပေးခြင်းဆောင်ရွက်မည့် (Psycho-Social Support Team) ၂ဖွဲ့သည် ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု ၂၁၁ စုရှိသည့် “နှစ်(၇၀၀) အားကစား ငလျင်ဒဏ်သင့်ပြည်သူ များအား ကယ်ဆယ်ရေးစခန်း” တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေ့သည့် လုပ်ငန်းများနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း လုပ်ငန်းဆောင်ရွက်မှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စိတ်လူမှုဆိုင်ရာပံ့ပိုးမှုလိုအပ်နေသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အမျိုးသမီးရှိသော အိမ်ထောင်စုများအတွက် Dignity Kit များပေးအပ်ခြင်း၊ ကလေးငယ်များရှိသည့် အိမ်ထောင်စုများအတွက် Child Kitများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။
အဆိုပါ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များရှိ ငလျင် ဘေးဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ၊ နေအိမ်များ၊ ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး စိတ်လူမှုဆိုင်ရာ ဆွေးနွေးပံ့ပိုးခြင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများ၊ အမျိုးသမီးများ အတွက် လိုအပ်ချက်များအား ဆွေးနွေးဖော်ထုတ်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့စည်းများနှင့် ဆက်သွယ်ကူညီနိုင်ရေး ညွှန်းပို့ဆောင်ရွက်လျက်ရှိပါသည်။ ၂၅.၄.၂၀၂၅ ရက်နေ့မှ စတင်ပြီး ယနေ့အထိ အိမ်ထောင်စု ၂၁၀ အား တွေ့ဆုံပြီး စိတ်လူမှုဆိုင်ရာ ဆွေးနွေးပံ့ပိုးခြင်း၊ အမျိုးသမီး ရှိသော အိမ်ထောင်စုများအတွက် Dignity Kitများပေးအပ်ခြင်း၊ ကလေးငယ်များရှိသည့် အိမ်ထောင်စုများအတွက် Child Kit များပေးအပ်ခြင်း၊ ကျား၊မ အခြေပြု လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Gender-base violence) အသိပညာပေးခြင်း၊ ကလေးများပျော်ရွှင်စေရန် အစီအစဉ်များ (Child Friendly Space)များ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။