အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား (မန္တလေးတိုင်းဒေသကြီး)

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မန္တလေးလူငယ်သင်တန်းကျောင်း၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ၂၀-၅-၂၀၂၅ ရက်၊ နံနက်(၁၀း၀၀)အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇာနည်အောင်၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)မှ တာဝန်ခံနှင့် သင်တန်းနည်းပြများ၊ မန္တလေး လူငယ်သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ သင်တန်းသား(၃၁ဦး)တို့ တက်ရောက်ခဲ့ကြပြီး နံနက်(၁၁း၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ သင်တန်းအား နေ့စဉ်နံနက် (၁၁း၁၅)နာရီမှ စတင်၍ (၂၀-၅-၂၀၂၅) ရက်မှ (၂၀-၆-၂၀၂၅)ရက်ထိ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

FacebookTwitter