မန္တလေးလူငယ်သင်တန်းကျောင်းရှိ ကျောင်းသားများအား ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး OraVacs တိုက်ကျွေးခြင်း
၂၁.၅.၂၀၂၅ ရက်၊ နံနက် (၉း၃၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်လေးဝါနှင့်အဖွဲ့များသည် မန္တလေးလူငယ်သင်တန်းကျောင်းရှိ ကျောင်းသား(၂၅၁)ဦး၊ ဝန်ထမ်း(၁၅)ဦးနှင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး(OraVacs) ပထမအကြိမ်လာရောက် တိုက်ကျွေးခဲ့ပါသည်။