ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ၀န်ကြီးဌာနရှိအရာထမ်း/အမှုထမ်းများနှင့်‌ တွေ့ဆုံပွဲ

နေပြည်တော်၊ စက်တင်ဘာ (၁၈) -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့ မွန်းလွဲ (၂း၀၀)နာရီ အချိန်တွင် အဆိုပါ ၀န်ကြီးရုံးရှိ စုပေါင်းခန်းမတွင် အရာထမ်း၊ အမှုထမ်းများနှင့်‌တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားြေ‌ပာရာတွင် ဤ၀န်ကြီးဌာနသည် ပြည်သူပေါင်း သန်း(၆၀) ၏ လူမှုဒုက္ခကို ကူညီရသော ဌာနဖြစ်ပြီး မွန်မြတ်၍ စေတနာကောင်းသော ၀န်ထမ်းများဖြစ်ရန်၊ မိမိတို့သည် ပြည်သူများ အားထားရသော ၀န်ထမ်းကောင်းများဖြစ်ရန်၊ တာဝန်သိ ၀န်ထမ်းများဖြစ်ရန်၊ အရေးပေါ်လျင် ကူညီဖို့ လိုအပ်သောကြောင့် အမြဲတမ်း အဆင်သင့်‌ ဖြစ်နေဖို့ လိုအပ်ကြောင်း၊ ကျေးလက်ဒေသ ကျန်းမာဖို့ ချမ်းသာဖို့ကို နိုင်ငံတော်သမ္မတကြီးက ဦးဆောင်၍ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းများ ကလည်း ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနသည် ကုသိုလ် ကောင်းမှုကို အမြဲလုပ်ဆောင်နေရသော ဌာနဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင်မှု အောက်မှ ညီညီညွတ်ညွတ်နှင့်‌ သစ္စာရှိရှိ လုပ်ကိုင်သွားကြရန် မှာကြားလိုကြောင်းဖြင့်‌ အမှာစကားြေ‌ပာကြားသွားပါသည်။ 
    အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးများဖြစ်ကြသော ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်‌ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

FacebookTwitter