ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      (၁၉.၈.၂၀၁၆)ရက်နေ့ မနက်(၁၀း၀၀)နာရီ စစ်တွေမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ၂/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့၊ ပြည်နယ်CRC ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ UN , INGO များမှ ကိုယ်စားလှယ်များက အထွေထွေဆွေးနွေး တင်ပြလာပါသည်။

FacebookTwitter