ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွဲ့အစည်းမှလာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ သြဂုတ်လ(၃၀) -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ မေခလာ ခန်းမ၌ သြဂုတ်လ ၃၀ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Labour Organization (ILO) အဖွှဲ့ အစည်းမှ Liaison Officer ဖြစ်သူ Mr. Rory Mungoven ဦးဆောင်သည့် အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံရာ၌ ကလေးအလုပ်သမား ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိစ္စရပ်များ၊ လူငယ်မူဝါဒရေးဆွဲ နေမှုအခြေအနေများ၊ လူငယ်များ အတွက်သက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter