မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဦးဆောင် ကျင်းပသော လူမှုကာကွယ် စောင့်ရှောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် စွမ်းသူများ အသင်း(၁၄)နှစ်‌မြောက် အခမ်းအနားများသို့

မန္တလေး၊ အောက်တိုဘာလ ၁၀ -

      လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍသည် အရေးကြီးကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲ ထားပြီးဖြစ်သော မြန်မာနိုင်ငံ၏ အမျိုသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာ ဗျူဟာစီမံချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောက်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် ယနေ့နံနက် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ‌ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ဆက်လက်‌ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူ့ အစိုးရဖြစ်သည်နှင့် အညီ ပြည်သူ့အကျိုးကို ထိရောက်စွာ ဖော်ဆောင်နိုင်ဖို့ကျိုးပမ်းလျက်ရှိကြောင်း၊ ယခုအခါ ရက်(၁၀၀)အလွန်(၆)လ စီမံချက်ချမှတ်ဆောင်ရွက်နေပြီး အစိုးရနှင့်ပြည်သူအားလုံး အ‌ခြေခံလူ့အခွင့်အရေးများ အပြည့်အဝရရှိပြီး စစ်မှန်သော ဒီမိုကရေစီကို ဖော်ဆောင်ကာ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ ပါကြောင်း၊ ပြည်ထောင်စု အဆင့်အနေဖြင့် သက်ကြီးရွယ်အို ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အတွက် စတင်ထောက်ပံ့နေပြီ ဖြစ်ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ကိုလည်း မြို့နယ်(၃၇) မြို့နယ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ရေးလုပ်ငန်းအစီအစဉ်များကိုလည်း မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ အကြံပြုချက်များအပေါ် အ‌ခြေခံ၍ အမှန်တကယ်အကျိုးရှိမည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ရပ် ပေါ်ထွက် လာမည်ကို ယုံကြည်ပါကြောင်းနှင့်ယခုဆောင်ရွက်မှုများသည် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ Sustainable Development Goalsနှင့်လည်း ကိုက်ညီအောင် အကောင်အထည်ဖော်ဆောင်ရွက်မှုတစ်ရပ် ဖြစ် ပါကြောင်း ‌ပြောကြားခဲ့ပါသည်။

      ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က အမှာစကားများ‌ပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

      ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပသော မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (၁၄)နှစ်‌မြောက်နှစ် ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်မိန့်ခွန်း‌ပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်သည် မသန်စွမ်းမှုဖြင့် နေထိုင်ရှင်သန်ကြရသောသူများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၂.၃သန်းကျော် (၄.၆)ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏အခန်း ကဏ္ဍ မြင့်မားရေးဆိုင်ရာဘာလီကြေငြာချက် ဆယ်စုနှစ် လုပ်ငန်းစဉ် (၂၀၁၁-၂၀၂၀)၊ အာရှပစိဖိတ်ဒေသ မသန်စွမ်းသူ များဆိုင်ရာ ဆယ်စုနှစ်လုပ်ငန်းစဉ်ဖြစ် သော အင်ချွန်းမဟာဗျူဟာ (၂၀၁၃-၂၀၂၂)ကဲ့သို့သော ဒေသတွင်း မဟာဗျူဟာ‌မြောက် လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ခြင်း၊ ၂၀၁၅ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ပြဌာန်းခဲ့သော မသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် နည်းဥပဒေများ အမြန်ဆုံး ပေါ်ထွက် လာစေရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံမသန်စွမ်းသူများ အမျိုးသားကော်မတီကို ဖွဲ့စည်းရန် စီစဉ်ပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်တော့ မည်ကြောင်း ‌ပြောကြားပြီး မသန်စွမ်းထူးချွန်သူများအား ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခြင်း၊ မသန်စွမ်းသူ များအား မသန်စွမ်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းနှင့် အမှတ်တရ စုပေါင်း မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

FacebookTwitter