ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Women အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇွန်လ(၆)
   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၆)ရက်နေ့၊ နေ့လည်(၁၅း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား  UN Women အဖွဲ့အစည်းမှ Regional director ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့ဝင်များမှ လာရောက်တွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန် ( ၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (2013-2022) (NSPAW) အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ  ကဏ္ဍတိုးတက်ရေး အတွက်လိုအပ်သည်များကို ကူညီပံ့ပိုးပေးနေသည့်အခြေအနေများ၊ အမျိုးသမီးများ၏ ငြိမ်းချမ်း ရေးနှင့်လုံခြုံရေးကိစ္စရပ်များအပေါ် National Strategic Plan for Advancement of Women (2013-2022) (NSPAW) အကောင်အထည်ဖော်မှုကိစ္စများ၊ Gender Responsive Budget နှင့်ပတ်သက်၍ အာဆီယံနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊  အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ တွင်ကူညီဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အိမ်အကူလုပ်သားများနှင့်သက်ဆိုင်သည့် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြမည့်အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရေး  ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter