Y-8 လေယာဉ်ပျက်ကျရာတွင် သေဆုံးသူများ၏ရုပ်လောင်းများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်နေသော သူများအား အစားအသောက်များ သွားရောက်လှူဒါန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ၁၃.၆.၂၀၁၇

          လူမှုဝန်ထန်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ Y-8 လေယာဉ်ပျက်ကျရာတွင် သေဆုံးသူများ၏ရုပ်လောင်းများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်နေသော

အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အဖွဲ့အစည်းများ နှင့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း(၅၀၀)ဦး နှင့်ရုပ်လောင်းများ မီးသဂြိုလ်ပေးသူ (၆၀)ဦး

တို့အား နေ့လည်စာအဖြစ် ကြက်ဆီထမင်း၊ အအေးဗူး နှင့်ရေသန့်ဗူးများ သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter