ရပ်ရွာအခြေပြု မူကြိုကျောင်းများအတွက် သင်ထောက်ကူပြုလုပ်ခြင်း ပြိုင်ပွဲကျင်းပ

ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၂၀.၆.၂၀၁၇

          လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးနှင့် world vision (တာချီလိတ်) တို့ပူး ပေါင်း၍ တာချီလိတ်မြို့အတွင်းရှိ  ရပ်ရွာအခြေပြု မူကြိုကျောင်းများအတွက်  မူကြိုကစားစရာပစ္စည်း သင်ထောက်ကူများ လက်တွေ့ပြုလုပ်ခြင်း၊ ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို (၂၀.၆.၂၀၁၇ မှ ၂၂.၆.၂၀၁၇) ထိ တာချီလိတ်မြို့ ရန်ကုန်ရွာတွင် ကျင်းပ ရာ ကျေးရွာ(၁)ရွာလျင် မူကြိုဆရာမ (၁)ဦးနှင့် မူကြိုကော်မတီဝင် (၃)ဦီး စုစုပေါင်း (၄)ဦး ဖြင့် ကျေးရွာပေါင်း(၁၃)ရွာမှ စုစုပေါင်း (၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ဒုတိယ၊တတိယ ဆုရရှိသည့် ကျေးရွာများကို ဆုများချီးမြင့်သွားမည်ဖြစ်ပါသည်။

FacebookTwitter