World Vision International(Myanmar)အဖွဲ့၏ စီမံချက်လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းအလုပ်ရုံဆွေးနွေးပွဲ

နေပြည်တော်၊ ၂၀-၆-၂၀၁၇

(၁၉.၆.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသော World Vision International(Myanmar)အဖွဲ့၏ စီမံချက်လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ်တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး ၊ျွှorld Vision International (Myanmar)မှ Country Director, Mr. Suresh Bartlett နှင့်စီမံကိန်းအရာရှိများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အလုပ္ရုံဆြေးနြေးပြဲတြင္ ႊၽorld Vision International (Myanmar)အဖြဲ့မွ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ လူကုန်ကူးမှုကာကွယ်ရေးလုပ်ငန်းနှင့်များ၊ အရေးပေါ်အခြေအနေတုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ဦးနှစ်ဖက် အျပန္အလွန္ဆြေးနြေး ခဲ့ကြပါသည်။

 

 

FacebookTwitter