အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အသိပညာပေးဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ ၂၇.၆.၂၀၁၇

        အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲကို ကယားပြည်နယ်လွိုင်ကော်မြို၊ လွိုင်ကော်မူလတန်းကြိုကျောင်း၌ ၂၆.၆.၂၀၁၇ ၇က်နေ့(၀၉း၀၀)နရီအချိန်မှ(၁၁း၃၀)နာရီ အချိန်ထိကျင်းပခဲ့ရာ ကယားပြည်နယ်မူးယစ်အထူးတပ်ဖွဲ့မှမူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊ ကယားပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကုထုံးများ၊ ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူ များပြန်လည်ထူထောင်ရေးနှင် နောက်ဆက်တွဲစောင်ရှောက်မှု လုပ်ငန်းများအကြောင်ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသားလူငယ်များ၊ အမျိုးသမီးငယ်များ၊ ကလေးမိဘများစုစုပေါင်း အင်အား ၁၅၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter