ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များတွေ့ဆုံပွဲ ကျင်းပခြင်း

နေပြည်တော်၊ ၂၈.၆.၂၀၁၇

              လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်ရုံးမှ ကြီးမှူးကျင်းပသည့် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့၊ တိုက်တွန်းရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို (၂၇.၆.၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့ ဟိုတယ်သစ်၌ ကျင်းပရာ ကျိုင်းတုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်များ စုစုပေါင်း (၁၇၀)ဦး တက်ရောက်ပြီး ရပ်ရွာအတွင်းကြုံတွေ့နေရသော ကလေးသူငယ်ဖြစ်ရပ်များ၊ လက်ရှိ ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးနေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြကြောင်းသိရှိခဲ့ရပါသည်။

FacebookTwitter