အစားအစာ ချက်ပြုတ်သင်တန်းဖွင့်လှစ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာ ၈

လူမှုဝန်ထမ်းဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမူကြိုကျောင်း၊ခန်းမတွင်(၆.၁၂.၂ဝ၁၇)ရက်နေ့၌  အစားအစာ ချက်ပြုတ်သင်တန်းကို  သင်တန်းသူ (၂ဝ)ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။  အဆိုပါသင်တန်းကို အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း    စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

FacebookTwitter