မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအတွက် သင်တန်းကျောင်းဖွင့်လှစ်ခြင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၁၉          မွန်ပြည်နယ်၊မော်လမြိုင်မြို့၊လူငယ်သင်တန်းကျောင်းဝင်းအတွင်းတွင်(၁၇.၂.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်သောအ ထူးပြုစုစောင့်ရှောက်ရေးရန်လိုအပ်သောကလေးများလေ့ကျင့်သင်ကြားရေးကျောင်းဖွင့်ပွဲအခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အ မှာစကားပြောကြားရာအစိုးရအနေဖြင့်ပြည်သူများ၏လိုအပ်ချက်များကိုအလေးထားလျက်ပြည်သူများတိုက်ရိုက်အ ကျိုးဖြစ်ထွန်းစေသောလုပ်ငန်းများကိုအကောင်အထည်ဖေါ်ဆောင်ရွက်နေပါကြောင်း၊ယနေ့ဖွင့်လှစ်သောသင် တန်းကျောင်းအဆောက်အဦးသည်ပြည်သူအတွက်တိုက်ရိုက်အကျိုးရှိမည့်လုပ်ငန်းကိုပြည်သူ၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖေါ်နိုင်ခြင်းကိုပြသခြင်းဖြစ်ပါကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်များကိုကလေး သူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊စောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင်ခွင့်များကို အပြည့်အ၀ပေးနိုင်ရန်မူဝါဒ၊ဥပဒေ၊နည်း ဥပဒေများကိုဆောင်ရွက်လျက်ရှိရာကလေးသူငယ်ဆိုင်ရာအခွင့်အရေးဥပဒေ မကြာမီပေါ်ပေါက်တော့မည်ဖြစ်ရာပိုမို၍ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊မသန်စွမ်းကလေးသူငယ်များ တွင်အကျုံးဝင်သည့်ဥာဏ်ရည်မသန်ကလေးငယ်များအတွက်အထူးပြုစုစောင့်ရှောက်ရန်လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ မသန်စွမ်းဥပဒေ၊နည်းဥပဒေနှင့်အမျိုးသားကော်မတီကိုဖွဲ့စည်းပြီးဖြစ်ရာမသန်စွမ်းများအခွင့်အရေးကိုအပြည့်အ၀ဆောင်ရွက်ပေးရန်ဘဏ္ဍာငွေတစ်ရပ်ထူထောင်ထားရှိရန်ဆောင်ရွက်လျက် ရှိကြောင်း၊မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ယနေ့ဖွင့်လှစ်သည့်အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးငယ်များ သင်တန်းကျောင်းတွင် ဥာဏ်ရည်မသန်သော ကလေးငယ်များအားလေ့ကျင့်ပေးခြင်း၊ မိဘများအား ပညာပေးခြင်း၊ ကလေးများ၏ဖွံဖြိုးတိုးတက်မှုနှင့်ပါဝင်ဆောင်ရွက်ခွင့်များရရှိအောင် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးလျက်ရှိသော New LifeFoundationနှင့်NewWorldမှသင်တန်းဆရာ၊ဆရာမများ၊ဤကျပ်သိန်း(၂၉၀၀)ကျော်တန်ဖိုးရှိအဆောက် အဦဖြစ်မြောက်အောင်လှူဒါန်းငွေထည့်ဝင်ကြသောစေတနာရှင်ပြည်သူများ၊ပြည်နယ်အစိုးရနှင့်ပြည်နယ်ကျန်းမာရေး ၀န်ထမ်းများ၊ပံ့ပိုးဆောင်ရွက်ပေးကြသူများအားလုံးကျေးဇူးတင်ရှိပါကြောင်း၊ဤကဲ့သို့သောကျောင်းများကိုနိုင်ငံအနှံ့ အပြားတွင်ဖြစ်ပေါ်လာစေရန်အတွက်အတူတကွဆက်လက်ကြိုးပမ်းသွားကြရန်တိုက်တွန်းပါကြောင်းဖြင့်ပြောကြားခဲ့ ပါသည်။

          ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အမှာစကားပြောကြားပြီး ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဖန်တီးပါဝင်သူရုပ်ရှင်မင်းသား ဇဏ်ခီနှင့် ခရစ္စတီးနားခီ၊ New Life Foundation မှ ဒေါက်တာသိန်းအောင်တို့က အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ ခဲ့ပါသည်။ ကျောင်းတည်ဆောက်ရာတွင်ပါဝင်သူ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အဆောက်အဦအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

          အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယ၀န်ကြီးဦးစိုးအောင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါ သည်။                                                         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမတွင် ကျင်းပသော ရင်ခွင့်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားရာယခုအခါတွင်စွန့်ပစ်ကလေးငယ်များပိုမိုများပြားလာခြင်းကိုသိရှိရကြောင်း၊ကလေးငယ်များကိုစွန့်ပစ်ခြင်းမှကာကွယ်ရန်နှင့်စွန့်ပစ်ခံ ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ရန်လိုအပ်နေသောကြောင့် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ဤကိစ္စသည်အမျိုးသမီးငယ်များလူငယ်များနှင့်သက်ဆိုင်လျက်ရှိကြောင်း၊၀န်ကြီးဌာနအ နေဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေရာကော်မတီကိုဖွဲ့စည်းပြီး၎င်းကော်မတီ၏အောက်တွင်အမျိုးသမီးအရေး တက်ကြွစွာဆောင်ရွက်နေသောအမျိုးသမီးအဖွဲ့အစည်းများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီကလူငယ်မူဝါဒကိုလည်းအတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ရာယခုအခမ်းအနားတွင်ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအမျိုးသမီးအဖွဲ့၊ ကော်မတီတွင်ပါဝင်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအဖွဲ့အစည်း များ၊ တက္ကသိုလ်အသီးသီးမှလူငယ်များအပါအ၀င် လူမှုအဖွဲ့အစည်းများမှလူငယ်များပါဝင်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုအခမ်းအနားမှရရှိသော အသိပညာ၊ဗဟုသုတ၊ အတွေ့အကြုံများကိုအသုံးချ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက်မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကအဖွင့်အမှာစကားပြောကြားခြင်း၊မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဌဖြစ်သူဒေါ်မေယဉ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဒုတိယဥက္ကဌ ဒေါက်တာမြသီတာက လှုပ်ရှားမှုအစီအစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မော်လမြိုင်တက္ကသိုလ် ခရစ်ယာန် မိတ်သဟာအဖွဲ့မှ လူငယ်များက တေးသံရှင်ဝေလ၏ “လူဖြစ်ခွင့်ပေးပါ” သီချင်း သရုပ်ဖော်တင်ဆက်ခြင်း၊ စေတနာရှင် ပြည်သူများ၏ အလှူငွေများကို လက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခန်းမအတွင်း၊အပြင် ပြသထားသော ပြခန်းများကို ကြည့်ရှုလေ့လာခြင်း၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးခြင်းများကို တက်ရောက်လာကြသူများနှင့်အတူ ရင်းရင်းနှီးနှီး လေ့လာကြည့်ရှုခဲ့ကြပါသည်။                                                      အထက်ပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မွေးကင်းစကလေးငယ်စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီဝင်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်ကိုယ်စား လှယ်များ၊ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သထုံကွန်ပျူတာတက္ကသိုလ်၊ ကျန်းမာရေး သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တို့မှကျောင်းသား၊ကျောင်းသူများ၊ အနုပညာရှင်များ နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။                  မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကရင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြရာ ရင်ခွင်မဲ့ ကလေးငယ်များ လျော့နည်းပပျောက်ရေးအသိပညာပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊မသန်စွမ်းအခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊တိုက်ပွဲရှောင်ကလေးငယ်များနှင့်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ မူကြိုနှင့်မိခင်ဝိုင်းများ ပိုမိုပေါ်ထွန်းလာရေးကိစ္စရပ်များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များသင်ကြားပေးနိုင်မည့်အခြေအနေများ၊ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုလုပ်ဆောင်ပေးခြင်းဖြင့်လက်ရှိရရှိပြီးဖြစ်သောငြိမ်းချမ်းမှုတည်တံ့ရန်နှင့်ပိုမိုတိုးတက်ရန်စသည်များကိုဆွေးနွေးခဲ့ကြပါ သည်။  ထို့နောက် ဘားအံမြို့ရှိ သီရိဟေမာ သီလရှင်စာသင်တိုက်သို့ရောက်ရှိကြပြီး စောင့်ရှောက်ခံ အမျိုးသမီးငယ်များ၏ပညာရေး၊ကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ်သိန်း(၃၀)ကို ပေးအပ်ခဲ့ပြီး ၄င်းမှတဆင့် အမှတ်(၃)ရပ်ကွက်တွင် ဆောက်လုပ် လျက်ရှိသော ဘက်စုံသုံးဘေးအန္တရာယ်ဆိုင်ရာအဆောက်အဦဆောက်လုပ်ပြီးစီးမှုကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိ ပါသည်။

 

FacebookTwitter