ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၂၀ရက်

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က  (၁၉.၅.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် စိန်ခေါ်မှုများအား အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး ICRC နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်နှင့်မူဝါဒများအား အကောင်အထည်ဖော်ရာတွင် ICRC အနေဖြင့် ကူညီပံ့ပိုးပေးလိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား လူသားချင်း စာနာကူညီမှုများ ထောက်ပံ့ရာတွင် မိုးရာသီအတွင်း ဝေးလံသောနေရပ်များအတွက် (၂)လစာ အပြည့်အဝ ထောက်ပံ့ရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း အလုပ်နှင့်လုပ်ခလစာ ထောက်ပံ့ရေး (Cash for Work) အစီအစဉ်အား ICRC မှ အောင်မြင်စွာအကောင်အထည်ဖော် ခဲ့မှုများ၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အိမ်ထောင်စု (၇၀၀၀)အတွက် မျိုးစေ့၊ ကိရိယာနှင့် ဓါတ်မြေသြဇာများ ထောက်ပံ့ပေးမည့်အစီအစဉ်များ၊ လူသားချင်းစာနာကူညီမှုများ မှတဆင့် အမှီအခိုကင်းစွာ ၄င်းတို့ကိုယ်တိုင် ရပ်တည်နိုင်ရေးထောက်ပံ့ပေးနိုင်မည့်ကိစ္စများ၊ ရခိုင် ပြည်နယ်အတွင်း အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများတွေ့မြင်ရပြီး ယခုထက်ပိုမို ကူညီ လိုပါကြောင်း ရှင်းလင်းဆွေးနွေးပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး စသည့် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဘေးအန္တရယ်ထိခိုက်ခံစားရသူများအား အချိန်နှင့်တပြေးညီ ကူညီ ထောက်ပံ့နေပြီး ပြည်သူများ လူ့အခွင့်အရေး အပြည့်အဝရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည် နေထိုင်နိုင်ရေး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် ICRC နှင့် ရှေ့ ဆက်လက် လက်တွဲဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Fabrizzio Carboni အား နှုတ်ဆတ် စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter