ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းကျင်းပပြုလုပ်ခြင်း

၂၆.၄.၂၀၁၉ ၊ မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး ၊ မကွေးမူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာသင်တန်းကို (၂၁.၃.၂၀၁၉)ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်ရာ တိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ၊တပ်တွင်းမူလတန်းကြိုကျောင်းများနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများမှ ထောက်ပံ့နေသော မူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူ(၆၇)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter