လူမှုဝန်ထမ်းကျောင်းများနှင့် ဌာနများ ဒုတိယဝန်ကြီးစစ်ဆေး

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် သြဂုတ် ၁၆ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ အမျိုးသမီးများစောင့်ရှောက်ရေးဌာန(Center for Women Care-C.W.C)သို့ သွားရောက်၍ သင်တန်းသူများ၏ အိပ်ဆောင်များ၊ အသက်မွေးမှုပညာရပ်များ သင်ကြားလေ့ကျင့်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

      ထိုမှတစ်ဆင့် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားအိပ်ဆောင်များ၊ သက်မွေးမှုပညာရပ်များ သင်ကြားလေ့ကျင့်ပေးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်းသတင်းရရှိသည်။

FacebookTwitter