ပြည်ခိုင်ဖြိုးပါတီမှ ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်

       ၂၀၁၅ ခုနှစ်၊ ဇွန်လနောက်ပိုင်း၌ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် မြန်မာနိုင်ငံအတွင်း ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း နှင့် အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့မှ အလှူငွေ (၃၇၆၀)သိန်းကို ပေးအပ်ရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ၊ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter