စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၁၄ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ငွေသာကျေးရွာ၌စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်ActionAidအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးအတွက် ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းကို (၁)လ သင်တန်းအဖြစ် သင်တန်းသူ (၂၆)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး
ကချင်ပြည်နယ်၊မြစ်ကြီးနား၊၂၀၁၇၊နိုဝင်ဘာ ၁၄ ကျောက်စိမ်းရိုင်းတရားမဝင်ရှာဖွေသူ(ရေမဆေး)များ၏ဥပဒေနှင့်အညီအလုပ်အကိုင်ရရှိစေရေး၊ဥပဒေမဲ့လုပ်ရပ်များမပြုလုပ်စေရေး၊ပြန် လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက်စီမံချက်ရေးဆွဲနိုင်ရန် ရည်ရွယ်ပြီးညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် (၁၃.၁၁.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ရန်ကုန်၊၂၀၁၇၊နိုဝင်ဘာ၁၄ UEHRD စီမံကိန်းတွင်ပါဝင်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံ တော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသော ညှိနှိုင်းဆးွနွေးပွဲကို (၁၂.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် ဆွေနွေးကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ ၊ Global World Insurance မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ယခုအခါရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ လုပ်ငန်းများဆောင်ရွက်ရာတွင်ပါဝင်ဆောင်ရွက်လျက်ရှိသောစေတနာ့ဝန်ထမ်းလူငယ်များအတွက်အသက်အာမခံလုပ်ငန်းစဉ်များကိုစီစဉ်ဆောင် ရွက်ပေးပြီးဖြစ်ရာဆက်လက်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။
မွန်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၁၄ အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သောကလေးများအားပြုစုပျိုးထောင်သင်ကြားပေးမည့်ဆရာဆရာမများမွေးထုတ်ပေးသည့်သင်တန်းကို မွန်ပြည်နယ်မော်လမြိုင်မြို့၌(၁၄.၁၁.၂၀၁၇)ရက်နေ့တွင်ပြည်နယ် လူမှုဝန်ထမ်းရုံးနှင့်အင်္ဂလန်နိုင်ငံမှWith love All Things Are Possible Charity (UK)နှင့်မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့မှပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။
ရန်ကုန်၊ ၂၀၁၇၊နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုုးရေးစီမံကိန်း(UEHRD)၏လုပ်ငန်း များဆောင်ရွက်ရန်အတွက်(၁၁.၁၁.၂၀၁၇)ရက်နေ့တွင်မြန်မာနိုင်ငံရှိခရစ်ယာန်အသင်းတော်များနှင့်အဖွဲ့အစည်းများကလှူဒါန်းငွေကျပ် (၅၁၁၅၇၀၀၀ိ/)ကိုရန်ကုန်မြို့မြန်မာနိုင်ငံခရစ်ယာန်အသင်းအဖွဲ့ချုပ်အစည်းအ‌ဝေးခန်းမတွင်ပေးအပ်လှူဒါန်းရာခရစ်ယာန်အသင်းများမှ တာဝန်ရှိသူများကလှူဒါန်းခြင်းအကြောင်းရင်းကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ရာတွင် (UEHRD) ၏လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လူမျိုးဘာသာအဆင့်အတန်းမရွေး ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဘေးဒုက္ခရောက်သူများကို ကူညီလှူဒါန်းခြင်းသည် ဘာသာတရား အရ မွန်မြတ်ပြီး ယခုလို ပါဝင်လှူဒါန်းမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။
နေပြည်တော်၊၂၀၁၇။နိုဝင်ဘာ၁၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်အားJICA Myanmar Office မှSenior Representative ဖြစ်သူ Mr. Jun YAMAZAKI ဦးဆောင်သောအဖွဲ့က (၁၀.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၁၄ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှMinister Counsellorဖြစ်သူMr.Johan Hallenborg က(၁၀.၁၁.၂၀၁၇)၊ရက်နေ့။နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါ သည်။
မွန်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၁၀ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်UN၊INGO၊CSOအဖွဲ့များပူးပေါင်း၍ UNCR Cdayကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို(၉.၁၁.၂၀၁၇)ရက်နေ့ တွင်ကျင်းပပြုလုပ်ရာ
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊အောက်တိုဘာ ၁၀ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးသည်(၈.၁၁.၂၀၁၇)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင်ဘိုကလေးမြို့ရှိကိုယ့်အားကိုယ် ကိုးမူလတန်းကြိုကျောင်းများနှင့်ဘိုဘွားရိပ်သာသို့သွားရောက်
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊နိုဝင်ဘာ ၁၀ ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးသည်(၁၀.၁၁.၂၀၁၇)ရက်နေ့တွင်ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူးကျင်းပသော