ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်   ၂၀၁၆  ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ  ပဲခူးမြို့၊ ညောင်လေးပင်မြို့နှင်‌့ ကျောက်တံခါးမြို့ တို့တွင် ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက် -

       အရှေ့အာရှ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ ၂၂ ရက် -

              မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သော ဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ်လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းသည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အား များစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့် စေတနာ့ဝန်ထမ်း လူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ တွင် ကျင်းပပြုလုပ်သော လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း(၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ နေပြည်တော် ကောင်စီ နယ်မြေအတွင်းမှ သင်တန်းသား (၈၀)ဦးတက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာလ(၂၀) -

         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌  ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးအား ဒီဇင်ဘာလ ၂၀ရက်နေ့၊ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင်  မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms.Renata Lok-Dessallien လာရာက်တွေ့ဆုံခဲ့ပါသည်။

      နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးလျက် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်သော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ -

          မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁.၄၁ သန်းအနက် ၅၁.၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး နိုင်ငံ၏လူဦးရေ ဖွဲ့စည်းမှုပုံစံအရ အမျိုးသမီးများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်နိုင်ဖို့နဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် အဓိကဦးစားပေး နယ်ပယ်(၁၂)ရပ် ပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစားပေးနယ်ပယ်တစ်ရပ်ဖြစ်သည့် အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်နယ်ပယ်ကို သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲလာမှုနှင့်လိုက်လျောညီထွေဖြစ်အောင် တုန့်ပြန် ဆောင်ရွက်မှုများတွင် အမျိုးသမီးများ ပါဝင်နိုင်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Hotel ၌ ကျင်းပပြုလုပ်သည့် အရေးပေါ် အခြေအနေများတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအား ဆန်းစစ်လေ့လာမှု စာတမ်းမိတ်ဆက်ပွဲ အခမ်းအနား တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာများဖြစ်သော အိမ်မက်လှရထား ပရဟိတဂေဟာကျောင်း၊ နန်းဦး ပရဟိတဂေဟာကျောင်းနှင့် မေတ္တာဝါဒီ ဟင်္သာသ(ပရဟိတ)ဂေဟာ ကျောင်းတိုက်များသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ရာ ယနေ့မြင် တွေ့ရသော ကျောင်းသားလူငယ်အများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများ အများစုဖြစ်ကြပြီး ကချင်လူ မျိုး၊ ရှမ်းလူမျိုး၊ ပလောင်လူမျိုး နှင့် ပအိုဝ့်လူမျိုး ကလေးငယ်များ ဖြစ်ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်က လေးများကို ယခုအချိန်မှ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ ကျောင်းတွင်း နှင့်ကျောင်းပြင်ပ ပညာရေးများ သင်ကြားပေးသည့်နည်းတူ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ဦးတည် သင်ကြားပေးစေလိုကြောင်း၊ အုပ်ထိန်းသူများကလည်း မိဘသဖွယ်မေတ္တာဖြင့် ပြုစုထိန်းကျောင်း ပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်ပရဟိတ လုပ်ငန်းကို အသိအမှတ်ပြုအားပေး ထောက်ပံ့လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပရဟိတကျောင်းများကို အဆင့်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးများ၊ ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက် ရှိပါကြောင်း ပြောကြားပြီး ကလေးငယ်များအတွက် ဆေးပဒေသာပင် ထောက်ပံ့လှူဒါန်းငွေပေး အပ်ခြင်း၊ မုန့်နှင့် ကစားစရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့နံနက် (၉)နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့်တိုက်ဖျက်ရေးရုံးမှ  H.E. Ms. Susan Coppedge နှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Scot Marciel လိုက်ပါလျက် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက် -

          ရခိုင်ပြည်နယ် အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက် -

      ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။