မွန်ပြည်နယ်၊ မေ(၂၄)ရက် (၂၄.၅.၂၀၁၇) ရက်နေ့ ၊ နံနက် (၀၉း ၀၀) နာရီအချိန်  မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျာင်းခန်းမ၌ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့(International  Rescue  Committee  ) တို့ပူးပေါင်းကျင်းပပြုလုပ်သော ကျား/မ ခွဲခြားသော အမြင်ကြောင့် ပေါ်ပေါက်လာသော  အကြမ်းဖက်မှုများ၏  သဘောတရားများနှင့် ပြုကျင့်ခံရသူများအား  ကူညီပေးခြင်းဆိုင်ရာ ကျွမ်းကျင်သင်တန်း ကို (၂၄.၅.၂၀၁၇)ရက်နေ့ မှ(၂၆.၅.၂၀၁၇)ရက်နေ့ထိ   သင်တန်းသား(၃၀)ဦးနှင့် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
၂၀၁၇ ခုနှစ်၊ မေ(၂၄)၊ မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲအား (၂၃-၅-၂ဝ၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားခဲပါကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး အဆိုရှင်းလင်းပွဲသို့ အင်အား(၆၆)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
နေပြည်တော် မေ ၂၃ ၂ဝ၁၇ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နေ့လယ်(၁၃းဝဝ)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် People In Need အဖွဲ့မှ Country Director ဖြစ်သူ Mr. Vladislav Vik တို့သည် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အရပ်ဖက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။
ကရင်ပြည်နယ်၊ မေ(၂၂) ကရင်ပြည်နယ်၊ အမှတ်(၂)ဘားအံမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပရာ ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊  ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသက်(၉၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) အိမ်ထောင်စုလူဦးရေစာရင်း၊ ပုံစံ ၆၆ (ဃ) လုံးဝမရှိသော  ဘိုး/ဘွားများအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းပြောကြားခဲ့ပြီး လူမှုရေးပင်စင်စား တစ်ဦးချင်းစီအတွက် အသုံးပြုမည့် ငွေပေး/ ငွေရပြေစာများ အကြောင်းအား ရှင်းလင်းတင်ပြခဲ့ရာ သိရှိလိုသော အကြောင်းအရာများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
၂၁.၅.၂၀၁၇ ၊ နေပြည်တော် နိုင်ငံတော်၏အနာဂါတ်ကို ပုံဖော်ကြမည့် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်များသည် မိမိတို့၏ တန်ဘိုးရှိသော အလားအလာများကို သိမြင်ကြရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝပြီး မိမိတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ သူများအဖြစ် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တတ်သူများဖြစ်လာစေရန် လူငယ်မူဝါဒကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ယနေ့နံနက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။
၂၀၁၇ခုနှစ်၊ မေလ (၁၅)ရက် - World Bank မှ Consultant ဖြစ်သူ Dr. Alex Korns နှင့် National Consultant ဖြစ်သူ ဒေါ်ထားထားအိ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒေါ်ညိုမာအောင်တို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် National Strategy for Development of Statistics –(NSDS) နှစ်ရှည်စီမံကိန်းနှင့် ပတ်သက်၍ စာရင်းအင်းယူနစ်များရှိ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂၀၁၇ ၊ မတ်လ (၁၇)ရက် -

      နံနက် (၁၀း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာလူထုရေးဝန်ဆောင်မှုအဖွဲ့ Population Services International တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် Gender Based Violence လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။

နေပြည်တော်၊ မတ် (၁၇)ရက် -

      နေပြည်တော်သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ ပုံမှန်ညှိနှိုင်း အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ရာ(၁၄)ကြိမ်မြောက်ရှိပြီးဖြစ်ပါကြောင်း၊ တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခဲ့သည့် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများအား

နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်း လုပ်ငန်းများအား သတ်မှတ် စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေ(မူကြမ်း)(Social ွျှork Bill) ရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး အား ယနေ့ (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက် -

      လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆက်လက်ပူးပေါင် းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။