နေပြည်တော်၊ ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက် -

      လူမှုဝန်ထမ်းဦးစီးဌာန၊ Asia Disaster Prepareness Center (adpc) နှင့် နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သော (၅)ရက်ကြာသင်တန်း Mental Health Psycho social Support in Emergencies နှင့် Psychological First Aid အကူအညီပေးရေးသင်တန်းဆင်းပွဲကို ၂.၁၂. ၂၀၁၆ ညနေ ၄း၀၀ နာရီတွင် Lake Garden Hotel ၌ ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းလတ်မှတ်များ တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ ၂၈ ရက် -

      လူမှုဝန်ထမ်းဦးစီးဌာန၊ Asia Disaster Prepareness Center (adpc) နှင့် နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သော Mental Health Psycho social Support in Emergencies နှင့် Psychological First Aid အကူအညီပေးရေးသင်တန်းကို ယနေ့နံနက် ၉း၀၀ နာရီတွင် Lake Garden Hotel, နေပြည်တော်၌ ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် -

      (၃၀.၁၁.၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေး နှင့် Action Plan ရေးဆွဲနိုင်ရေးတို့ကို ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် လျှင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ Resource Mapping ပြုလုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခဲ့ပြီး လွှတ်တော်ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသေးစိတ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၉) -

      လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေး၊ ကာကွယ်ရေးနှင့်တုန့်ပြန်ရေးလုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ကော့သောင်းမြို့ သို့ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၉) -

      ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၌ မက်ဒရစ် နိုင်ငံတကာ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းစီမံကိန်း Madrid International Plan of Action on Ageing (MIPAA) အား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၈ -

      သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များ ပိုမိုများပြား လာခြင်းကြောင့် ပြည်သူလူထု စိတ်နှလုံး မချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်း စေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃၊ နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်းခန်းမ တွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် (၂.၇.၂၀၁၆)ရက်နေ့မှ (၃.၇.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၄၀)ဦးဖြင့်လည်းကောင်း၊ နေပြည်တော် တိုင်းလူမှုဝန်ထမ်းရုံးတွင် (၃၁.၁၀.၂၀၁၆)ရက်နေ့မှ (၄.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦး ဖြင့်လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၇.၁၁.၂၀၁၆) ရက်နေ့မှ (၁၁.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့်လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၇.၁၁.၂၀၁၆) ရက်နေ့မှ (၁၁.၁၁.၂၀၁၆)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းများကို ကုသရေးဦးစီးဌာန၊ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ (၂၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN-Habitat မှ စီမံကိန်း မန်နေဂျာဖြစ်သူ Mr. Bijay Karmacharya ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၂၃) ရက်နေ့၊ နေ့လည် (၁၂း၃၀)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ဥရောပကော်မရှင်၊ Directorate General for European Civil Protection and Humanitarian Aid Operations (ECHO)ရုံး၊ အာရှ၊ အာဖရိက နှင်‌့ လက်တင်အမေရိကဌာန မှ ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Androulla KAMINARA  ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၀၉း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား   သြစတြီးယားဘဏ် အဖွဲ့အစည်း မှ အကြံပေးပုဂ္ဂိုလ် ဖြစ်သူ ဦးထွန်းအောင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။  ထိုသို့တွေ့ဆုံရာ၌ သြစတြီးယား ကုမ္ပဏီများမှ ထုတ်လုပ်သော မီးသတ်ယာဉ်များ၊ သဘာဝဘေးအန္တရာယ်များမှ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ သြစတြီးယား ကုမ္ပဏီများမှ မသန်စွမ်းသူများ အတွက် နည်းပညာ အထောက်အကူပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ အကြောင်းအား လည်းကောင်း၊ သြစတြီးယားဘဏ်မှ တာဝန်ရှိသူများက သြစတြီးယားနိုင်ငံ အတိုးမဲ့ချေးငွေနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။