ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက် -
ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင့်အညီ ပြည်သူကို အကာအကွယ် ပေးနိုင်တဲ့ အုပ်ချုပ်စီမံမှု စနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံး စုစည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးနှင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်လျှက်ရှိပါြကောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ သက်ကြီးရွယ်အို အထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်သူနဲ့ အနီးစပ်ဆုံးနေပြီး ပြည်သူယုံကြည်မှု ရရှိအောင် လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင့်အညီ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ကွန်ယက်တစ်ခု ထူထောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားပါသည်။