နေပြည်တော်၊ နိုဝင်ဘာလ(၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၉း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Search for Common Ground အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms.IsLa Glaister အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှှု အထောက်အပံ့များကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် -

      ရခိုင်ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ UNHCR ကိုယ်စားလှယ် Mrs. Urara Furukawa နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိကြပြီး မောင်တောမြို့နယ် အတွင်းရှိ ပန်းတောပြင်၊ တပ်ဦးချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်း၊ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ငြိမ်းချမ်းရေးကျေးရွာများရှိ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်လျက်ရှိသည့် ဆန်၊ ဆီ၊ ပဲနှင့် အိမ်သုံးဆားတို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် -

      ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်မူဝါဒရေးဆွဲ ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ တိုင်းဒေသကြီး/ ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များ အနေနဲ့ ဒီအခြေအနေ ရောက်အောင် အများကြီး ဖြတ်သန်းခဲ့ရကြောင်း၊ အစိုးရသစ် စတင်တာဝန် ထမ်းဆောင်ကတည်းက လူငယ်တွေအရေးကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ရမည်ဟု

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရ ာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၁၆ ရက်နေ့၊   နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား   Korea Disabled People’s Development Institute အဖွဲ့ အစည်း မှ Program Specialist   ဖြစ်သူ Mr. Kim Kwang- hee ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

ရန်ကုန်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၊ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် (၁၂.၁၁.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးသူငယ် ဥပဒေအရ အသက်(၆)နှစ် မှ(၁၆)နှစ် အတွင်းရှိ ကလေး သူငယ်တရားရုံးမှ ပို့အပ်လာသည့် ကလေးများအား စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ ပြုပြင်ပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သန်လျင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးများအား အတန်းပညာနှင့် ကျောင်းပြင်ပ ပညာများ သင်ကြားပေးရာတွင် မေတ္တာပေးပြု စုစောင့်ရှောက် ပေးခြင်းဖြင့် ကလေးများစိတ်ချ လုံခြုံသော ဘဝကို ရရှိခံစားနိုင်ရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကလေးသူငယ်တရားရုံးမှ ပို့အပ်သော ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ သင်တန်းသား တိုးချဲ့အိပ်ဆောင် အဆောက်အဦ အသစ်ဆောက်လုပ်နိုင်ရေး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ပါသည်။

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၁၁) ရက်နေ့၊ ‌နံနက် (၀၉း၀၀)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား နိုင်ငံတကာ မီဒီယာထောက် ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ အဖွဲ့အစည်းမှ အကြံပေး အရာရှိ ဖြစ်သူ Ms. Agneta Soderberg Jacobson ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန မှ ဆောင်ရွက်နေ သော ကျား/ မ ရေးရာကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းပါ ကျား/ မ ရေးရာကိစ္စရပ်များတွင် မီဒီယာများ၏ အ‌ရေးပါမှု အကြောင်းအရာများ၊ နိုင်ငံတကာ မီဒီယာထောက်ပံ့ ရေးနှင့် ဖိုယိုမီဒီယာ အင်စတီကျူ မှ ဆောင်ရွက်လျှက်ရှိသော မီဒီယာနှင့် ကျား/ မ ရေးရာ သုတေသန တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများ ကို သတင်းမီဒီယာများ အပါအဝင် အများပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ၁၁ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်နေ့၊နံနက် (၀၉း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား သြစတြီးယားနိုင်ငံ အခြေစိုက် SFCU mwelttechnik GmbH ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူMr. Franz Urstoger ဦးဆောင်သော အဖွဲ့မှ လာရောက ်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၁၀ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုဆောင်ရွက်မည့် မိခင်နှင့်ကလေးအား ငွေကြေးထောက်ပံ့မှု (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် မိခင်ဝမ်းတွင်းမှစ၍ မွေးဖွားပြီး (၂)နှစ်သားအရွယ်ထိ ရက်ပေါင်း တစ်ထောင် ကာလ အအတွင်း ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံးရရှိစေပြီး ထိုဉာဏ်ရည်ဖွံ့ဖြိုးသော ကလေးများက အနာဂါတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုကို ဆောင်ရွက် ပေးနိုင်လာမည် ဖြစ်သောကြောင့် အကောင်းဆုံးသော ရင်းနှီးမြှပ်နှံမှု တစ်ခု ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ရက်တစ်ရာ အလွန် ခြောက်လ စီမံချက်တွင် ပါဝင် ဆောင်ရွက်မည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြစ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော် မတီဝင်များ အနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လို ကြောင်း ‌ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) -

     မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC) အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များအား ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ (၅)နှစ် (၁)ကြိမ် အစီရင်ခံစာ တင်သွင်းရပါသည်။ ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ပူးတွဲ အစီရင်ခံစာအား (၁၃.၂.၂၀၁၇) ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ပါသည်။