မန္တလေး၊ အောက်တိုဘာလ ၁၀ -

      လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အခန်းကဏ္ဍသည် အရေးကြီးကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲ ထားပြီးဖြစ်သော မြန်မာနိုင်ငံ၏ အမျိုသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာ ဗျူဟာစီမံချက်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောက်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးမြို့၊ ဟိုတယ်မန္တလေးတွင် ယနေ့နံနက် ကျင်းပသော လူမှုကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ‌ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ အောက်တိုဘာ ၆ -

      စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်၍ ပြည်သူအားလုံး အခြေခံ အခွင့်အရေး များရရှိရန် ဆောင်ရွက်ရာတွင် တရားမျှတစွာ အကာအကွယ်ပေးသည့် အုပ်ချုပ်မှု စနစ် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊အောက်တိုဘာလ ၃ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ၂၉.၉.၂၀၁၆ ရက်နေ့နှင့် ၃၀.၉.၂၀၁၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သည့် (၉)ကြိမ်‌မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ +၃ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၄ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း ဝန်ကြီးဌာနက မူဝါဒနှင့်ဥပဒေများ ရေးဆွဲရာတွင်လည်းကောင်း၊ စီမံ ချက်များ ရေတို၊ရေရှည် စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း ပြည်သူလူထုအတွက် ပိုမိုထိရောက်စွာ အကျိုးပြုနိုင်စေရန် အထောက်အထားအခြေပြု သုတေသနရလဒ်များ ရရှိရန်လိုအပ်ပါသည်။

နေပြည်တော်၊ စက်တင်ဘာလ ၁၉  -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ စက်တင်ဘာလ (၁၆) ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား Asian Development Bank(ADB)အဖွဲ့ အစည်းမှ  လုပ်ငန်းမန်နေဂျာ ဖြစ်သူ Mr. Arghya Sinha Roy ဦးဆောင်သော အဖွဲ့ဝင်များလာရောက် တွေ့ဆုံခဲ့ ပါသည်။

ကရင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ လ(၂၀)ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၂၁) -

      မြန်မာနိုင်ငံအစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ကြိုဆိုပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ)တို့၏ ထောက်ပံ့ကူညီမှုသည် အကြမ်းဖက်မှု၊ အလွဲသုံးမှုနှင့် အမြတ်ထုတ်ခံရမှုများမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ယခု သဘောတူညီချက်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသာမက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့၏ ကလေးသူငယ်ကာကွယ် စောင့််ရှောက်ရေးဆိုင်ရာ လုပ်ငန်းများအပေါ်တွင်လည်း များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် ယူနီဆက်(မြန်မာ) တို့အကြား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက  ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၂၂)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်(၉း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ Mizuho Information and Research Institute, Social Policy Consulting ဌာန၏ Project Advisor ဖြစ်သူ Jochi University, Comprehensive Human Sciences Social Welfare ဌာနမှ တွဲဖက်ပါမောက္ခ Prof. Kenishiro Fuji ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ ပါသည်။

ရန်ကုန်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ အထွေထွေရောဂါကုဆေး ရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိသောလူမှုကာကွယ်စောင်‌့ရှောက်မှုလိုအပ်သည်‌့ မဆန်းကေခိုင်နှင်‌့ မသဇင်တို့ (၂)ဦးအား သွားရောက်ကြည်‌့ရှုထောက်ပံ့ရာဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကိုနှင်‌့ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၅ -

      ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် မင်းဂံရပ်ကွက်သစ်သို့ ရောက်ရှိပြီး ပြည်သူများ၏ နေအိမ်များတွင် ထောက်ပံ့ထားရှိသော မီတာဘောက်များ တပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကြပါသည်။