UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံအမတ်ကြီးနှင့် UNDP တို့က သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၊ ၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားနော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ms .Tone Tinnesနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP )မှ Country Directorဖြစ်သူ Mr. Peter Batchelorတို့က (၁၇.၁.၂၀၁၈)ရက်နေ့ ၊နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊အစည်းအဝေးခန်းမတွင် ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက်အစည်းအဝေးဖြစ်ပြီးကော်မတီ ဖွဲ့စည်းပြီးလေးလပြည့်မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက်များ ကိုပြည်သူသို့ အစီရင်ခံ တင်ပြရ မှာဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင် နှင့် အကြံပြုချက်ကော် မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်သွားရ မည်ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း၊

အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းဖွင့်လှစ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင်အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းကို(၈.၁.၂ဝ၁၈)ရက်နေ့တွင်ဗန်းမောက်မြို့နယ် ၊မြို့တော်ခန်းမ၌ သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဦးစီးမှူး မှအဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ၂၀၁၈၊၊ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်၊ဗန်းမော်မြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲအား (၁၇.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် တက်ရောက် ၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

ရခိုင်ပြည်နယ်၊စစ်တွေ ၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကလေးပြုစုရေးဌာန၊စစ်တွေမြို့တွြင်ပုစုစောင့်ရှောက်လျက်ရှိသောကလေးများ၏ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်း အနားအား (၁၄.၁.၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး မှပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်အားပေး၍

မူးယစ်ဆေးသုံးစွဲသူများအားကုသစောင့်ရှောက်မှုပေးရေး၊လူထုအခြေပြုလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူများအား ကုသစောင့်ရှောက်မှုပေးရေး၊ လူထုအခြေပြု လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကို (၁ဝ၁၂ဝ၁၈)ရက်နေ့တွင် ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အပန်းဖြေခရီးနှင့်ပတ်ဝန်းကျင်လေ့လာရေးခရီးသွားရောက်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကလေးပြုစုရေးဌာန၊ မန္တလေးမြို့တွင်ပြုစုစောင့်ရှောက်လျက်ရှိသော ကလေး(၂၂)ဦးအား (၁၄.၁.၂၀၁၈) ရက်နေ့တွင်ကျောင်းအုပ် ဆရာမကြီးဦးဆောင်၍ အုပ်ချုပ်သူ ဝန်ထမ်း ဆရာမ(၈)ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အထက်တန်းသူနာပြုဆရာမ(၂)ဦး လိုက်ပါ၍ (၅)မိုင် ၊ပြည်သူ့ဦးယျာဉ် အပန်းဖြေစခန်းသို့သွားရောက် ပို့ဆောင်ကာ အပန်းဖြေခရီးနှင့် ပတ်ဝန်းကျင်လေ့လာရေး ခရီးအဖြစ်

စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်ရေလုပ်သားများအား (NV) ကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေ၊၂၀၁၈၊ဇန်နဝါရီ ၁၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင် များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်တွင်NationalVerificationCard(NVC)ကိုင်ဆောင်ခြင်း၏အကျိုးကျေးဇူးများကိုလည်းပြည်သူများသိရှိရန်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ်ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်း လုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသောအထောက်အထား ပြသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ရေလုပ်သားများ (NV)ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့စုပေါင်းရုံးတွင် အစ္စလာမ်ဘာသာဝင်ရေလုပ်သားများကို (NV)ကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှု၍ ဌာဆိုင်ရာဝန်ထမ်းများကို လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အားပေးစကား ပြောကြားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD လုပ်ငန်းတိုးတက်မှုအခြေအနေများကိုဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နှင့်နယ်သာလန်နိုင်ငံသံအမတ်ကြီးများက သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားနယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr .Stevemarshallနှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီးH.E Mr. Wouter Jurgens တို့က (၁၆.၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်း တွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။

ရပ်ရွာအခြေပြု အခြေခံဇာထိုး၊ပန်းထိုးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်၊ကနီမြို့နယ်၊ချောင်းပေါက်ကျေးရွာတွင်ရပ်ရွာအခြေပြုအခြေခံဇာထိုး၊ ပန်းထိုးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို သင်တန်းသား(၃ဝ)ဦးဖြင့်(၁၅.၁.၂ဝ၁၈)ရက်နေ့၊ နံနက် (၁ဝးဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီး ဦးစီးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့