နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည်UNFPA၊သင်္ဂဟ Gender အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ CEDAW NSPAW၊ GENDER အသိပညာပေး လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် မှုအခြေအနေများကို (၅.၁၂.၂၀၁၇)ရက်နေ့တွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသိုလည်းကောင်း၊(၆.၁၂.၂၀၁၇)ရက်နေ့တွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့လည်းကောင်း၊(၇.၁၁.၂၀၁၇)ရက်နေ့တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊(၈.၁၂.၂၀၁၇)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့လည်းကောင်း၊(၁၁.၁၂.၂၀၁၇)ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လည်းကောင်း အသိပညာပေးလုပ်ငန်းအစီ အစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။