စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကို ဖော်ဆောင်ရာတွင် မသန်စွမ်းသူ များ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြော ကြားပါသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ စစ်ကိုင်းတိုင်းဒေသကြီး၏အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေအခမ်းနားကိုမုံရွာမြို့၊မြသလ္လာခန်းမ၌(၃.၁၂.၂ဝ၁၇)ရက်နေနံနက်(ဝ၉းဝဝ) နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှအဖွင့်အမှာစကားပြောကြားပြီး၊လူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်း က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပါသည်။

မသန်စွမ်းသူများဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရ၊ နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဘေးဂျင်းမြို့တွင် ပြည်ထောင်စုဝန်ကြီး ဆွေးနွေး

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်၂၀၁၇ခုနှစ်၊နိုဝင်ဘာလ(၂၇)ရက်နေ့မှဒီဇင်ဘာလ(၁)ရက်နေ့အထိကျင်းပပြုလုပ်နေသည့်အာရှပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာဆယ်စုနှစ်နှင့်စပ်လျဉ်းသည့်အစိုးရများအကြားဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများအဆင့်ကြားကာလပြန်လည် သုံးသပ်ခြင်း အစည်းအဝေး သို့ တက်ရောက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့ ၊နံနက်ပိုင်းတွင် ဘေဂျင်းမြို့ရှိ Occupational Rehabilitation Center for Persons with Disabilities သို့သွားရောက် လေ့လာခဲ့ ပါသည်။

ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ UEHRD စီမံကိန်းနှင့် ရေဘေးဒဏ်ခံပြည်သူများအတွက် အလှူငွေများ ပေးအပ်ခြင်းနှင့် UNHCR မှ ဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃၁.၁၀.၂၀၁၈ မြန်မာနိုင်ငံရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)တို့အတွက် ပြည်ပရောက် မြန်မာအသိုက်အဝန်းများ၏ လှူဒါန်းငွေများကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ ခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အာရှ-ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများအတွက်ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ (၃၀.၁၁.၂၀၁၇) ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြု လုပ်လျက်ရှိသော အာရှ-ပစိဖိတ် ဒေသတွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်(၂၀၁၃-၂၀၂၂)နှင့် အင်ချွန်း မဟာဗျူဟာတို့ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများအပါအဝင် တိုးတက်ပြောင်းလဲမှုအခြေအနေအား ပြန်လည်သုံးသပ်ရန် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒလမ်းညွှန်ချက်တို့ကို

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေး အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ၊ ၃၁.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mrs. Helena Konig, Deputy Director General of Trade နှင့် Mrs. Paola Pampaloni, Deputy Menaging Director, Director of Asia- Pacific of European External Action Serviceတို့ ဦးဆောင်သော ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ် လ့လာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးခန်းမတွင်လာရောက်တွေ့ဆုံခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့များ၏ ချိတ်ဆက်ခြင်း ညွှန်းပို့ကွန်ယက် တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ၁.၁၂.၂၀၁၇ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသော INGOs, NGOs အဖွဲ့များဖြစ် သော Save the Children, YKBWA , MRCS တို့မှ Service Provider များနှင့် ချိတ်ဆက်ခြင်း ညွှန်းပို့ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၁၁.၂၀၁၇)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀:ဝဝ)နာရီမှ ညနေ( ၁၄:ဝဝ)နာရီ ချိန်ထိ ပဲခူးမြို့၊တိုင်းဒေသကြီး ကြက်ခြေနီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

ရခိုင်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၃၀ လူမှုဝန်ထမ်းဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲမြို့နယ်နွားစားပြင်(ခြံပြင်)ကျေးရွာတွင်ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားအား(၂၆.၁၁.၂၀၁၇)ရက်နေ့၊မွန်းလွဲ(၁၄း၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး

အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၉ လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့်Weithungerhilfe GRET တို့ပူးပေါင်း ဖွင့်လှစ်သော အခြေခံစက်ချုပ် သင်တန်း၊သင်တန်းဆင်းပွဲအား (၂၄.၁၁.၂၀၁၇)ရက်နေ့၌ အဆိုပါသင်တန်းကျောင်း ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် မှသင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများ မှ သင်တန်းဆင်းလက်မှတ်များအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

မန္တလေးကလေးပြုစုရေးှဌာနသို့လာရောက်လေ့လာခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၉ မန္တလေးဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(က)မှကျောင်းသား/သူ(၇၇)ဦးသည်အုပ်ချုပ်သူဆရာဆရာမများနှင့်အတူ(၂၇.၁၁.၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင်လူမှုဝန်ထမ်းဦးစီးဌာန၊မန္တလေးကလေးပြုစုရေးဌာနသို့လာရောက်၍ဌာနတွင်ပြုစုစောင့်ရှောက်လျှက်ရှိသောကလေးငယ်များ၏ ပညာရေး ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ပုစုစောင့်ရှောက်ပေးနေမှုများကို